![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၉၁_4.jpg?itok=xje8VbNz)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသော သစ်သီးဆိုင်များတွင် နဂါးမောက်သီးနှင့် သခွားမွှေးများကို အများအပြား ရောင်းချနေကြကြောင်းသိရသည်။ နဂါးမောက်သီးများကို ကန့်ဘလူမြို့ပေါ်နှင့် တောက္ကရှပ်ကျေးရွာမှ မှာယူရောင်းချရပြီး သခွားမွှေးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။
ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသောနဂါးမောက်သီးမျိုးများမှာ အဖြူ၊ အနီဟူ၍နှစ်မျိုးရှိပြီး နဂါးမောက်သီးအသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံး လျှင် (၁၀၀၀)ကျပ်၊ နဂါးမောက်သီးအကြီး (၁)လုံးလျှင် (၁၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ သခွားမွှေးအသေး(၁)လုံးလျှင် (၃၅၀၀)ကျပ်နှင့် သခွားမွှေးအကြီး(၁)လုံးလျှင် (၄၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)