Main menu

နန္နဝန်ဈေးအတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်မြတ်သက်နိုင်နှင့် ဝန်ထမ်းများသည် ၃-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ နန္နဝန်ဈေးအတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နန္နဝန်ဈေး ဈေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်းပါဝင်၍ ရောနှောဆီများအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများရောင်းချနေခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်းရောင်းချနေသော Meizan အမှတ်တံဆိပ် (ဟင်းသီးဟင်းရွက်ဆီ၊  ပဲပိစပ်ဆီ)၊ ပုဇွန်နှစ်ကောင်ဆီ, ဧရာဝတီမြေပဲဆီ၊ Lotus (ဟင်းသီးဟင်းရွက်ဆီ)၊ ရန်ကုန်ပဲဆီသန့်၊ Good Choice, Goody ဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)