Main menu

မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြိုနယ်တာဝန်ခံသည် (၉-၈-၂၀၂၄)ရက်နေ့တွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

        အဆိုပါဟောပြောဆွေးနွးပွဲတွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံကလည်း ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း စသည်ဖြင့် အသိပညာများဟောပြောဆွေးနွေးခဲ့ပြီးး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၈)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၃)ဦ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)