![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၈_5.jpg?itok=6PYN-inb)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၇၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၄၃၀၀၀)၊ ဂျပန်နှမ်းဖြူ (၁)တင်းလျှင် (၁၅၅၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၀၀၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ်(၁၂၇၀၀၀)ဖြစ်ပြီး ဇူလိုင်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် နှမ်းနီ ကျပ်(၇၀၀၀)၊ နှမ်းဖြူ ကျပ်(၅၀၀၀)၊ ဂျပန်နှမ်းဖြူ ကျပ်(၁၅၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၁၇၀၀၀)၊ နှမ်းညိုကြား ကျပ်(၉၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ အိတ်ရေ (၆၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန် (၄၈၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)