![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၇_5.jpg?itok=BfL-vS5D)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၃၀၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၈၂၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၇၅၀၀၀)၊ မတ်ပဲ(၁) တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်ပဲဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဇူလိုင်လ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၂၅၀၀)၊ ကုလားပဲဟော်လန် ကျပ်(၂၀၀၀)၊ မတ်ပဲ ကျပ်(၂၀၀၀)၊ ပဲကြီးဖြူ ကျပ်(၅၀၀၀)၊ ပဲစင်းငုံနီ ကျပ်(၇၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ ပဲတီစိမ်း အိတ်(၁၄၀၀)၊ ရန်ကုန်မြို့သို့ ပဲတီစိမ်း အိတ်(၅၃၅)၊ ကုလားပဲ အိတ်(၁၅၀၀)၊ မတ်ပဲ အိတ်(၃၅၀)၊ ပဲခူးမြို့သို့ ကုလားပဲ အိတ်(၈၀၀) စုစုပေါင်းအိတ်ရေ(၄၅၈၅) တင်ပို့ခဲ့ပြီး တန်ချိန် (၅၁၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)