![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၂၀_6.jpg?itok=dbiW6eHO)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင် (စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်းတို့ကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧက (၁၀၀)ဧကကျော်ရှိကြောင်းသိရှိရပါသည်။
နှမ်းနီမျိုးကိုအများဆုံးစိုက်ပျိုးကြပြီး နှမ်းနီ၊ နှမ်းနက်မျိုးကို ယခင်နှစ်မျိုးလက်ကျန်ဖြင့်စိုက်ပျိုးပြီး နှမ်းဖြူမျိုးကို အထက်မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး(၁)ပြည်လျှင် ကျပ်(၁၁၀၀၀)ဖြင့်ဝယ်ယူ၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၃၅၀၀၀၀-၄၀၀၀၀၀) ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် စတင်ရိတ်သိမ်းကာ မိုးနည်းသောကြောင့် (၁)ဧကလျှင် (၆)တင်းသာထွက်ရှိကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍ စိုက်ပျိုးရပြီး မိုးများသည့်အခါတွင် နှမ်းပင်များပျက်စီး၍ အထွက်နှုန်းလျော့နိုင်ပြီး မိုးနည်းသည့်အခါတွင်လည်း မျိုးအောင်မှုနည်း၍ အထွက်နှုန်းလျော့နိုင်ကြောင်း၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် နှမ်း(၁)တင်းလျှင် နှမ်းနက်(စမုံ) ကျပ်(၁၆၀၀၀၀)၊ နှမ်းနီ ကျပ်(၁၃၀၀၀၀)၊ နှမ်းဖြူ ကျပ်(၁၄၀၀၀၀) ဈေးရရှိသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် (၁)ဧကလျှင် အကျိုးအမြတ်အနေဖြင့် နှမ်းနက်(စမုန်) ကျပ် (၆၁၀၀၀၀)၊ နှမ်းနီ ကျပ်(၄၃၀၀၀၀)၊ နှမ်းဖြူ ကျပ်(၄၄၀၀၀၀)ထိရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးတင်ဇော်ဌေးထံမှသိရှိရပါသည်။
DOCA(မကွေး)