
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၈-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံသည် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချောက်မြို့ နယ်အတွင်းရှိ စံညီစာကြည့်တိုက် (၂၇)တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းခဲ့ပြီး စလေ၊ ပြည်တော်သာစာကြည့်တိုက်နှင့် ကြီးနီစံပြကျေးရွာ "စာပေတန်ဆောင်" စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းအတွဲ (၁၊ ၂၊ ၃၊ ၄၊ ၅)နှင့် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)