![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15.13_2.jpg?itok=7o9qQJs7)
ပုသိမ်မြို့ မိုးရာသီတွင် သပြုသီးများ လှိုင်လှိုင်ထွက်ရှိလျက်ရှိပါသည်။ သပြုသီးပင်မှာ အလေ့ကျပေါက်သည့် အပင်ကြီးမျိုးဖြစ်ပါသည်။ သပြုသီးမှာအထပ်ထပ်ပါသော အခွံများကိုသာ စားရခြင်းဖြစ်ပါသည်။ သပြုသီးကိုငါးနှင့် ချဉ်ဟင်းချက်၍သော်လည်းကောင်း၊ပုစွန်နှင့် ကြော်ချက် ချက်၍သော်လည်းကောင်း၊ ငပိချက် ချက်၍သော်လည်းကောင်း၊ စားသုံး၍ ရပါသည်။သပြုသီးအရသာမှာ ချဉ်တင်တင်၊ ဖန်တန်တန်အရသာရှိသပြုသီးကို ဟင်းချိုချက်စားပါက ဆီးချိုရောဂါကို သက်သာစေကြောင်း သိရပါသည်။ သပြုသီးကိုပြုတ်ပြီး ငပိရည်နှင့်တို့စားပါက နှလုံးအားကောင်းလာပြီး ဆီးရွှင်စေပါသည်။
ပုသိမ်မြို့ရှိ သပြုသီးမှာ အကြီးအသေးပေါ်မူတည်၍ အကြီးတလုံးလျှင် (၅၀၀)၊အသေးတလုံးလျှင် (၄၀၀)နှုန်းရရှိပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)