Main menu

မကွေးမြို့၊ မော်တော်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံး၌ စားသုံးသူအသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မော်တော်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးခန်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး (၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အသိပညာပေးဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါဆွေးနွေးဟောပြောပွဲတွင် မကွေးမြို့နယ်တာဝန်ခံသည် စားသုံးသူများရသင့်သည့်အခွင့်အ‌ရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄)ချက်နှင့် ကုန်စည်နှင့်အစားအစာများကိုဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ပြုလုပ်ရန်အကြောင်းကိုလည်းကောင်း၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှိုက်များစနစ်တကျစွန့်ပစ်တတ်ကြစေရေး သရုပ်ပြဆွေးနွေးခြင်းနှင့် မကွေးမြို့နယ်အား ပလတ်စတစ်ကင်းစင်နယ်မြေဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ပြည်သူများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)