Main menu

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော နှမ်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် သီးနှံမျိုးစုံရောင်းဝယ်ဖောက်ကားရာမြို့တစ်မြို့ဖြစ်၍ စီးပွားရေးဈေးကွက်အချက်အချာကျပြီး အခြားတိုင်းဒေသကြီး မြို့နယ်များမှ လိုအပ်သောပဲမျိုးစုံဝယ်ယူရရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ ပခုက္ကူသီးနှံဈေးကွက်သို့ ပခုက္ကူကျွန်းဒေသများ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်များနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသော သီးနှံမျိုးစုံဝင်ရောက်ပြီး ရောက်ဝယ်ဖောက်ကားလျက်ရှိပါသည်။ယခုဩဂုတ်လ(ဒုတိယပတ်)တွင် ဆီထွက်သီးနှံ နှမ်းအမျိုးအစားအလိုက် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နှမ်းနက်စမုံမှာ ဈေးကွက်သို့ မိုးနှမ်းအသစ်များဝင်ရောက်ခြင်းမရှိဘဲ ဆောင်းရာသီထွက် နှမ်းနက်စမုံအဟောင်းများသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းဖြူများမှာ ရေစကြိုမြို့မှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း နေ့စဉ် တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၁၀၀- ၂၀၀)ထိ ပွဲရုံဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

         ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၃၉၀၀၀-၁၃၄၀၀၀)၊ နှမ်းနက်စမုံတစ်တင်းလျှင် ကျပ်(၁၉၅၀၀၀-၁၉၀၀၀၀)ဈေးနှုန်းဖြစ်ပြီး (ပထမပတ်)တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၄၀၀၀-၁၃၂၀၀၀)၊ နှမ်းနက်စမုံတစ်တင်းလျှင် ကျပ် (၁၅၀၀၀၀-၁၄၅၀၀၀)ဖြစ်၍ တစ်ပတ်အတွင်း နှမ်းဖြူတစ်တင်းလျှင် ကျပ်(၅၀၀၀)ခန့်၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၄၅၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊  ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် နှမ်းလှော်လုပ်ငန်းရှင်နှင့် စားသောက်ကုန်လုပ်ငန်းရှင်များက ဝယ်ယူမှုများပြီး မန္တလးဈေးကွက်သို့လည်းတင်ပို့လျက်ရှိကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)