
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၄-၈-၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောစားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးဆီအမျိုးမျိုးတို့အပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ၊ ရောနှောဆီများရောင်းချခြင်းရှိ/မရှိနှင့် ဘေးအန္တရာယ်ရှိသောစားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကိုသာရောင်းချနေသည်ကိုတွေ့ရှိရကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)