![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၃၀_3.jpg?itok=0W3k5z3N)
၁၃-၈-၂၀၂၄ ရက်နေ့၌ ပေါင်မြို့နယ်တွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ပေါင်မြို့နယ်ရှိ နတ်မှော်ကျေးရွာနှင့် ညောင်ကုန်းလေးကျေးရွာတို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်နှင့်ဆီအားရောင်းချပေးခဲ့ရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်း၊ မြို့နယ်စားသုံးဆီကိုယ်စားလှယ်တို့ပူးပေါင်းပါဝင်၍ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ထိုသို့ရောင်းချပေးခဲ့ရာ၌ အိမ်ထောင်စု (၈၀၀/၉၀၀)မှ လောက်ငှစွာဝယ်ယူအားပေးခဲ့ကြပြီး ပေါ်ဆန်း (ဒေသ) တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၆၄၆၄) ကျပ်ဖြင့်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)