Main menu

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဖွဲနု၊ ဖွဲကြမ်းဈေးကွက်အခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်းရှိ ဆန်စက်များအနက် ဝမ်းစာစပါးကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းသုံးစွဲရာ၌ ငါးမွေးကန်များ၊ ကြက်မွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများ၊ အခြားသောမွေးမြူရေးလုပ်ငန်းများနှင့်  တိရိစ္ဆာန်အစာများအဖြစ်အသုံးပြုကြပါသည်။

       ကျိုင်းတုံမြို့အတွင်းရှိ စပါးကြိတ်ခွဲရာမှထွက်ရှိသော ဖွဲနု၊ ဖွဲကြမ်းများသည် ဒေသတွင်းသုံးစွဲရန် လုံလောက်မှုမရှိသောကြောင့် မိုင်းပျဉ်းမြို့၊ မိုင်းခတ်မြို့မှတစ်ဆင့် ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။

         ဩဂုတ်လတွင် (စက်သေး)(ဟာလာစက်) ဖွဲကြမ်း (၂၅) ကီလိုတစ်အိတ်လျှင် (၁၂၀၀၀) ကျပ်၊ (စက်ကြီး)(တန် (၁၀၀) ကျစက်) ဖွဲနု (၂၅) ကီလိုတစ်အိတ်လျှင် (၂၀၀၀၀) ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ကျိုင်းတုံမြို့သို့ ဖွဲနု၊ ဖွဲကြမ်းဝင်ရောက်မှုမှာ ပုံမှန်ဝင်ရောက်မှုရှိခြင်းကြောင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်သူများထံမှသိရှိရပါသည်။

DOCA(ရှမ်း)