Main menu

ထိုင်းနိုင်ငံ ကတ်ဘိနက်ဝန်ကြီးအဖွဲ့က ခရီးသွားကဏ္ဍအတွက် ဘတ် ၄၄၃သန်းသုံးစွဲရန် ခွင့်ပြု

Powered by Drupal

       ထိုင်းနိုင်ငံကတ်ဘိနက်ဝန်ကြီးအဖွဲ့သည် အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအား ခရီးသွားနည်းပါးသည့်ရာသီတွင် အွန်လိုင်းပရိုမိုးရှင်းနှင့် ပွဲများပြုလုပ်ရန်အတွက် ဘတ်ဂျက် ဘတ် ၄၄၃သန်းခွင့်ပြုခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့(TAT)က  နိုင်ငံတကာဈေးကွက်ကို အလွန်မှီခိုနေရမှုကိုသက်သာစေရန်အတွက် ပြည်တွင်းခရီးသွားကဏ္ဍကို ၂၀%ထိတိုးမြှင့်ပြီး ယခုနှစ်တွင် ဘတ် ၁.၂ထရီလီယံရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။

         ထိုင်းနိုင်ငံခရီးသွားလာရေးဝန်ကြီး Sermsak Pangpanit က “The Cherm of Thai” ဆိုသည့် ခေါင်းစဉ်အောက်တွင် တင်ဆက်ပေးမည့် စီမံကိန်းနှစ်ခုမှ ဘတ် ၁၇ဘီလီယလံရရှိရန်အတွက် ပြည်တွင်းနှင့် ပြည်ပမှ ခရီးသွားများသည် နေထိုင်ခွင့်တိုးမြှင့်ပေးမည့်ဒေသ ၅ခုကိုလည်ပတ်ရန် တိုက်တွန်းအားပေးခဲ့ရကြောင်းသိရပါသည်။ Mr.Sermsak က ပထမဆုံးစီမံကိန်းအစီအစဉ်အတွက် TAT သည် အွန်လိုင်းခရီးသွားအေးဂျင့် ၉ခုနှင့်ပူးပေါင်း၍ ဩဂုတ်လမှ စက်တင်ဘာလအတွင်း ခရီးစဉ်များအတွက် ပရိုမိုးရှင်းအစီအစဉ်များပြုလုပ်ကမ်းလှမ်းသွားမည်ဟုသိရပါသည်။ ဘတ် ၂၈၀သန်းတန်ဖိုးရှိသည့် အဆိုပါစီမံကိန်းသည် လေကြောင်းကြိုတင်စာရင်းပေးမှု၊ ဟိုတယ်ကြိုတင်စာရင်းပေးမှုနှင့် ဟိုတယ်နေထိုင်မှုနှုန်းထားမြင့်တက်လာပြီး အနည်းဆုံးလည်ပတ်သူ ၁၈၅၀၀၀လာရောက်လည်ပတ်ပြီး စုစုပေါင်းတန်ဖိုး ဘတ် ၂.၈ဘီလီယံရရှိရန်ရည်ရွယ်ကြောင်းသိရပါသည်။

         ဒုတိယစီမံကိန်းမှာ စက်တင်ဘာလတွင် ပွဲတော်များနှင့် ပွဲအခမ်းအနားများကျင်းပရန်ဖြစ်ကြောင်းသိရပါသည်။ စည်းရုံးလှုံ့ဆော်မှုများကို အဓိကမြို့တော်များသုံးစွဲကာ အရှိန်မြှင့်သွားမည်ဖြစ်ပြီး ဒုတိယတန်းစားမြို့တော်များကိုလည်းလိုအပ်ပါက ပံ့ပိုးပေးသွားမည်ဟုသိရပါသည်။

         ချင်းမိုင်အနုပညာနှင့် ဂီတပွဲတော်၊ Nakhan Si Thammarat တွင်ပြုလုပ်မည့် Art Installations and Performances ၊ Kanchanaburi တွင်ကျင်းပမည့် The Rive of Time ပွဲတော်နှင့် ချောင်ဘူရီနိုင်ငံတကာဂီတပွဲတော်တို့ပါဝင်သည့် စီစဉ်ဆောင်ရွက်ဆဲဖြစ်သော ထင်ရှားသည့် ပွဲတော်များထံမှ ဘတ် ၇၅၀သန်းရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။

         TAT အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool က ၂၀၂၅ ခုနှစ်တွင် ခရီးသွားကဏ္ဍကြီးထွားမှုနှုန်း ၇.၅%ရှိမည်ဖြစ်ပြီး အေဂျင်စီအနေဖြင့်လည်း ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် ပထဝီနိုင်ငံပဋိပက္ခများက ခရီးသွားလာမှုကို သက်ရောက်မှုရှိသောကြောင့် နိုင်ငံတကာဈေးကွက်ကို အလွန်အကျွံမှီခိုနေရမှုမှခွဲထွက်၍ ပြည်တွင်းခရီးသွားကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိလာစေရန် ဦးစားပေးဆောင်ရွက်နေကြောင်းပြောကြားခဲ့ပါသည်။

          လွန်ခဲ့သည့်လတွင် အေဂျင်စီသည် ၂၀၂၅ခုနှစ်၌ ပြည်တွင်းခရီးသွားလာမှုပေါင်း ၂၀၅သန်းရရှိရန် ရည်မှန်းထားကြောင်းကြေညာခဲ့ပြီး ယင်းပမာဏမှာ မူလခန့်မှန်းထားသည့် သန်း၂၂၀ထက်လျော့ကျသွားကြောင်းသိရပါသည်။ Mr.Thapanee က ခရီးသွားလာမှုပေါင်း ၂၀၅သန်းမှာ အခြေခံမျဉ်းသတ်မှတ်ထားခြင်းဖြစ်ပြီး အေဂျင်စီသည် ခရီးသွားလာမှုပေါင်း သန်း၂၂၀ရရှိရန် ဆက်လက်ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။ ပြည်တွင်းငွေသုံးစွဲနိုင်စွမ်းအားနည်းမှုကိုကျော်လွှားရန် အေဂျင်စီသည် ငွေကုန်ကျမှုသက်သာမည့် ခရီးတိုအရေအတွက်မြင့်တက်ရန် ခရီးသွားများကို တိုက်တွန်းအားပေးလျက်ရှိကြောင်းသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)