၂၀၂၄ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ကရင်ပြည်နယ် ဒေသထွက်မန်ကျည်းရွက်နုများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။
မန်ကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး ယခုလို မိုးရာသီတွင် မန်ကျည်းရွက်နုများကို အသုပ်သုပ်၍ဖြစ်စေ၊ ဟင်းရည်ချက်၍ဖြစ်စေ၊ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်းအထောက်အကူပြုပေးနိုင်ပါသည်။ မန်ကျည်းရွက်နုကို လက်ကားဈေး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ လက်လီဈေး (၁၀)သား (၁၀၀၀၊၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရှိရပါသည်။
DOCA(ကရင်)