
မြန်မာနိုင်ငံတွင် နဂါးမောက်ခြံစိုက်ပျိုးခြင်းအား ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ နတ်ကန်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ နဂါးမောက်သီးများမှာ ကဆုန်လတွင် စတင်ဖူးပွင့်ပြီး နယုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း၊ တစ်နှစ်တွင် (၄)ကြိမ်အထိ အသီးရရှိကြောင်းသိရှိရသည်။ နဂါးမောက်ပင်များကို (၁)ဧကလျှင် အပင် (၂၀၀)ကျော်စိုက်ပျိုးနိုင်ပြီး (၂)နှစ်သားမှစ၍ အသီးများစတင်ရရှိပြီး တစ်ဧကလျှင် (၁၀၀) ကီလိုကျော်အထိရရှိကြောင်းသိရှိရပါသည်။
ပဲခူးဈေးမှ အသီးရောင်းချသူများသည် နဂါးမောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ခြံဈေးအနေဖြင့် ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် တစ်ကီလိုလျှင် (၁၆၀၀)ကျပ်၊ (၁၀၀၀)ကျပ်၊ (၈၀၀)ကျပ်ဖြင့် အလုံးအရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လူကြိုက်များသည့် အသီးအနှံဖြစ်သည့်အတွက် ဈေးနှုန်းဈေးကွက်ကောင်းမွန်လျက်ရှိကြောင်း နဂါးမောက်သီး ရောင်းချသူထံမှသိရှိရပါသည်။
DOCA(ပဲခူး)