စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်သည် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရန် သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကိုအသိပညာပေးပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်ဆွေးနွေးခဲ့ပါသည်။
စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၉)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)