Main menu

ပြည်သခွားချဉ်သီးနှင့် ဘူးသီးဈေးကွက်

Powered by Drupal

      ယခုဩဂုတ်လ ပထမပတ်မှစ၍ ပြည်ဈေးကွက်အတွင်းသို့ မှော်ဇာကျေးရွာဘက်မှ ရိုးရိုးသခွားအချိုသီးမဟုတ်ဘဲ သခွားအချဉ်သီးများ စတင်ဝင်ရောက်လာပါသည်။ (၂)ရက်ခြား တစ်ကြိမ်ဝင်ရောက်မှုရှိပြီး တစ်ကြိမ်လျှင် အလုံးရေ (၃၀)ခန့်သာအဝင်ရှိကြောင်းသိရပြီး တောင်သူလက်ကားဈေးတစ်လုံးလျှင် ကျပ် (၁၀၀၀-၁၂၀၀) နှုန်း ဖောက်သည်ကောက်ယူပြီး လက်လီအားဖြင့် တစ်လုံးလျှင် ကျပ်၁၅၀၀နှုန်းဖြင့်ရောင်းချမှုရှိနေပါသည်။ သခွားချဉ်သီးကို ပြည်ဒေသတဝိုက်တွင် သုပ်၍လည်းကောင်း၊ အမဲသား၊ ပုစွန်ခြောက်တို့နှင့် ချက်ပြုတ်စားသောက်လေ့ရှိကြောင်းသိရပါသည်။

         ပြည်ဈေးကွက်တွင် ဘူးသီးဈေးနှုန်းမှာ အတက်အကျမြန်ဆန်လျက်ရှိပြီး ယခင်ဇွန်လတွင် ဘူးသီးအလုံးအကြီး၊ အသေးပေါ်မူတည်၍ ဘူးသီးတစ်လုံးလျှင် ကျပ် (၃၀၀၀-၃၅၀၀ နှုန်းဖြင့် အမြင့်ဈေးရှိခဲ့ပြီး ဇူလိုင်လတွင် ဘူးသီးတစ်လုံးလျှင် ကျပ် (၁၅၀၀-၂၀၀၀) နှုန်းဖြင့် အကျဘက်သို့ဦးတည်သွားခဲ့ကာ ယခုဩဂုတ်လ ပထမပတ်တွင် အမြင့်ဘက်သို့ ပြန်လည်မြင့်တက်လာပါသည်။ ပြည်မြို့အနောက်ဘက်ကမ်း ရွှေဘုံသာရွာနှင့် သဲကုန်းမြို့နယ်၊ ပုတီးကုန်းဘက်တို့မှ တစ်ရက်ခြားအဝင်ရှိပြီး တစ်ကြိမ်လျှင် အလုံးရေ (၂၀)ခန့်သာဝင်ရောက်မှုရှိသဖြင့် အဝင်မှာ သိသိသာသာနည်းသွားသည့်အတွက် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ဈေးနှုန်းမှာ ယခုဩဂုတ်လတွင် အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ် (၃၅၀၀-၄၀၀၀) နှုန်းရှိပြီး တစ်စိပ်လျှင် ကျပ် (၅၀၀-၇၀၀) နှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)