Main menu

ပြည်မြို့၏ ကြောင်လျှာသီးဈေးကွက်

Powered by Drupal

       ပြည်ဈေးကွက်တွင် ဇွန်လဆန်းမှစ၍ ကြောင်လျှာသီးများ စတင်ဝင်ရောက်လာပြီး ပေါ်ဦး၊ ပေါ်ဖျားအချိန်၌ တစ်တောင့်လျှင် ၁၀၀၀ကျပ်ဖြင့် ဈေးကောင်းရလျက် ရောင်းဝယ်ကြပြီး ယခု ဩဂုတ်လတွင် ဝယ်ယူမှုနည်းသွားသဖြင့် ဈေးနှုန်းအနည်းငယ်ပြန်ကျလာပါသည်။ ကြောင်လျှာသီးကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများနှင့် ရွှေတောင်မြို့နယ်များမှ တစ်နေ့လျှင် အတောင့် ၂၀/၃၀ အထိဝင်ရောက်မှုရှိပါသည်။ သြဂုတ်လ၊ တတိယအပတ်တွင် ကြောင်လျှာသီးဈေးများမှာ တစ်တောင့်လျှင် (၈၀၀-၉၀၀) ကျပ်ရှိပြီး တောင်သူများမှ ရောင်းချသောဈေးမှာ (၅၀၀-၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)