Main menu

ပြည်ဓာတ်မြေဩဇာဈေးကွက်

Powered by Drupal

     ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်နှစ်ဖြစ်သော ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ယူရီးယား (လုံးကြီး)တစ်အိတ်လျှင် ၉၂၀၀၀ကျပ်၊ ယူရီးယား(လုံးသေး)တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တစ်အိတ်လျှင် ၉၂၀၀၀ကျပ်၊ ပိုတက်(အာမို)တစ်အိတ်လျှင်  ၁၁၃၅၀၀ကျပ်၊ ကွန်ပေါင်း(အာမို)တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်၊ ကလိုက်ကိုဇစ် (၄)လီတာတစ်ပုလင်းလျှင် ၄၆၀၀၀ကျပ်၊ ရှောင်လင် (၅၀၀)စီစီ တစ်လုံးလျှင် ၁၂၈၀၀ကျပ်၊ ဈေးရှိပြီး ယခုနှစ် ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် ယူရီးယားလုံးသေးတစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ယူရီးယား (လုံးကြီး)တစ်အိတ်လျှင် ၉၁၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ပိုတက်(အာမို)တစ်အိတ်လျှင်  ၁၂၀၀၀၀ကျပ်၊ အာမိုတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ကလိုက်ကိုဇစ် (၄)လီတာ တစ်ပုလင်းလျှင် ၅၈၀၀၀ကျပ်၊ ရှောင်လင်(၅၀၀)စီစီ တစ်ပုလင်းလျှင် ၁၈၀၀၀ကျပ်ဈေးဖြင့်အရောင်းအဝယ်ရှိပြီး ယခင်မတ်လနှင့် နှိုင်းယှဉ်လျှင် ဩဂုတ်လတွင် ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းမရှိဘဲ ဈေးနှုန်းအနည်းငယ်သာမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)