
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့် ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှ ထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ပြီး ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄-ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် နှမ်းနီ (၁)တင်းလျှင် ကျပ်(၁၃၇၀၀၀)၊ နှမ်းဖြူ (၁) တင်းလျှင် ကျပ်(၁၄၃၀၀၀)၊ နှမ်းနက် (စမုံ) (၁)တင်းလျှင် ကျပ်(၂၁၅၀၀၀)၊ နှမ်းညို (၁)တင်း လျှင် ကျပ်(၁၃၀၀၀၀)ဖြစ်ပြီး ဩဂုတ်လ(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် နှမ်းနီနှင့် နှမ်းဖြူမှာ စျေးနှုန်းပြောင်းလဲခြင်းမရှိဘဲ နှမ်းနက်(စမုံ)မှာ ကျပ် (၁၅၀၀၀)၊ နှမ်းညို ကျပ် (၃၀၀၀) စျေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ အိတ်ရေ(၉၆၀၀)ခန့်ရှိပြီး တန်ချိန် (၄၈၀)အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)