
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာနှင့် ပခုက္ကူကျွန်းများတွင် ဆောင်းစိုက်၊ (ပင်)စိုက်များ လှိုင်လှိုင်ထွက်ရှိလျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်တွင် ယောနယ်ဒေသမှ ကြက်သွန်နီများ၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်မှ ကြက်သွန်နီများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ကြက်သွန်နီ(ယောစ) ဈေးနှုန်းများမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်နီ (ပုလဲစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၇၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၅၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်ခဲ့ပြီး ဩဂုတ် လ(ဒုတိယပတ်)တွင် ကြက်သွန်နီ(ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ကြက်သွန်နီ (ပုလဲစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၅၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)ရှိ၍ ဩဂုတ်လ(ပထမပတ်)နှင့် (ဒုတိယပတ်)နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် (၃၀၀)ခန့်မြင့်တက်နေကြောင်း၊ နေ့စဉ် ကုန်ချိန်(၅)သောင်းမှ (၁)သိန်းအထိ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေးသို့ တင်ပို့နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)