စားသုံးသူရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတို့အား အခြေခံပညာမူလတန်း(လွန်) (ဥတ္တမ္မာရုံ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်တံခါးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ဇင်မာထွေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆိုးဆေးအန္တရာယ်အကြောင်းသိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်သန်းသန်းစိုးက ကျောင်းသား/ ကျောင်းသူများအား စက္ကူပြဇာတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ဟောပြောခြင်း၊ စာဖတ်ခြင်းများဆောင်ရွက်ပြီး မူးယစ်ဆေးအကြောင်းသိကောင်းစရာ၊ ကလေးအလုပ်သမားအခွင့်အရေးဆိုင်ရာနှင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသိကောင်းစရာတို့ကို နံရံကပ်စာစောင်များဖြင့် ပြသခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)