လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) စေ့စပ်ညှိနှိုင်းမှုများအပြင်၊ Turkiye သည် သီးခြားကဏ္ဏများတွင် အပြန်အလှန်အားသာချက်များပေးသည့် ဦးစားပေးကုန်သွယ်မှုသဘောတူညီချက်များ (PTAs) မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကိုအားကောင်းစေရန် ရည်မှန်းထားကြောင်း သြဂုတ်လ ၁၇ရက်နေ့၏ အစီရင်ခံစာတစ်ရပ်အရသိရသည်။
ကုန်သွယ်ရေးဝန်ကြီးဌာနမှ Anadolu Agency(AA) မှရရှိသော အချက်အလက်များအရ Turkiye သည် ၎င်း၏စက်မှုလုပ်ငန်းယှဥ်ပြိုင်နိုင်စွမ်းကို မြင့်တင်ရန်နှင့် အခြားနိုင်ငံများရှိပို့ကုန်လုပ်ငန်းရှင်များအတွက် ဈေးကွက်အားသာချက်များပေးဆောင်ရန် ဘက်စုံ FTA များကို လက်မှတ်ရေးထိုးရန်လမ်းကြောင်းပေါ်တွင်ရှိနေသည်။
ဤအခြေအနေတွင် Turkiye လက်မှတ်ရေးထိုးထားသော FTAs ၂၃ခုသည် လက်ရှိတွင် အသက်ဝင်လျက်ရှိသည်။ ထို့ပြင် တချို့သောနိုင်ငံများနှင့်FTA များအတွက် အတည်ပြုချက်နှင့် ညှိနှိုင်းရေးလုပ်ငန်းစဥ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
၎င်းပြင် သီးခြားကဏ္ဏများတွင် အပြန်အလှန်အားသာချက်များပေးဆောင်သည့် အီရန်၊ အဇာဘိုင်ဂျန်၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်နှင့် PTA ဆိုင်ရာ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများပြုလုပ်လျက်ရှိသည်။
ထို့ပြင် Maldives နှင့် PTA အသစ်ကို အကောင်အထည်ဖော်ရန်ကြိုးပမ်းမှုများလုပ်ဆောင်နေပြီး အယ်လ်ဂျီးရီးယားနှင့် ဤသဘောတူချက်ကို လက်မှတ်ရေးထိုးရန် စေ့စပ်ညှိနှိုင်းမှုများစတင်ရန်အတွက်လည်း ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ၎င်း၏ကျယ်ပြန့်သော ကုန်သွယ်ရေးသဘောတူညီချက်များနှင့်အတူ Turkiye သည် FTAs အများဆုံးရှိသည့် ကမ္ဘာ့ထိပ်တန်း(၁၀)နိုင်ငံတွင်ပါဝင်ပါသည်။
Source: daily saba
DOCA(ရန်ကုန်)