Main menu

ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှုဖြစ်လာစေရန် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံဆွေးနွေး

Powered by Drupal

    ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများတရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိအသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နို်ငငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Li Fei နှင့်ပူးတွဲ ဥက္ကဠအနေနှင့်ကျင်းပမည့် တတိယအကြိမ်မြောက်တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆပ်ကော်မတီအစည်းအဝေးကို တက်ရောက်ရန်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးသည် စိုက်ပျိုးရေးထုတ်ကုန်များတွင် အပြန်အလှန် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်နိုင်ငံတွင် ထိုင်းကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဘက်ကမူ ထိုင်းမွေးမြူရေး ထုတ်ကုန်များနှင့် သစ်သီးများတရုတ်နိုင်ငံသို့တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တရုတ်အာဏာပိုင်များကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Mr.Suchartn တရုတ်ရင်းနှီးမြှုပ်နှံ သူများအား EV၊ သန့်စင်သောစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ AI၊ အာကာသိပ္ပံနှင့်နည်းပညာတို့ ပါဝင်သည့်ပေါ်ထွက်လာသောစက်မှုနယ်ပယ်တို့တွင် လာရောက်ရင်းနှီးမြှုပ်နှံတောင်းဆိုခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၁နှစ် ဆက်ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅ဘီလီယံရှိခဲ့ပြီး ယခုနှစ်ပထမ ၅ လတာကာလတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၅.၇ဘီလီယံရှိကာ လွန်ခဲ့သည့်နှစ်တူညီသည့် ကာလထက် ၄.၂၄% တိုးတက်လာကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ တရုတ်သို့အဓိကပို့ကုန် များတွင်လတ်ဆတ်သော သစ်သီးများ၊ ပလတ်စတစ်ကော်စေ့များ၊ ကွန်ပြူတာနှင့်အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များနှင့် ပီလောပီနံထုတ်ကုန်များပါဝင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထံမှ အဓိကပြန်လည်တင်သွင်းသည့် ကုန်ပစ္စည်းများတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းများ၊ စတီးလ်နှင့် စတီးလ်ထုတ်ကုန်များ၊ ကားပစ္စည်း အစိတ်အပိုင်းများ ပါဝင်ကြောင်း သိရပါသည်။

Source : Bankok Post

DOCA(ရန်ကုန်)