Main menu

ဝယ်လိုအားမြင့်တက်မှုကြောင့် ပါကစ္စတန်သို့ ကင်ညာနိုင်ငံမှ လက်ဖက်ခြောက်တင်ပို့မှု ၁၀.၆ရာခိုင်နှုန်းတိုးလာ

Powered by Drupal

   ကင်ညာနိုင်ငံမှလက်ဖက်ခြောက်များအား ပါကစ္စတန်နိုင်ငံမှ ဝယ်ယူတင်သွင်းမှုသည် ၁၀.၆ရာခိုင်နှုန်းတိုးလာကာ အရှေ့အာဖရိကမှ အဖျော်ယမကာကို ထိပ်တန်းဝယ်ယူသူအဖြစ် ၄င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။

    ကင်ညာဗဟိုဘဏ် (CBK)၏ မကြာသေးမီက အချက်အလက်များအရပါကစ္စတန်သို့ ကင်ညာလက်ဖက်ခြောက် တင်ပို့မှုတန်ဖိုးသည် ယခုနှစ်ဇန်နဝါရီလမှ ဇွန်လအတွင်း အမေရိကန် ဒေါ်လာ ၂၇၁.၈၆သန်း(sh ၃၅.၀၆ဘီလီယံ) ရှိကြောင်း ဖော်ပြခဲ့သည်။ ၄င်းသည် ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ရရှိခဲ့သောဒေါ်လာ ၂၄၅.၇သန်း(sh ၃၁.၆ဘီလီယံ) မှသိသာထင်ရှားစွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

     ဤတိုးတက်မှုနှင့်အတူ ကင်ညာ၏လက်ဖက်ခြောက်တင်ပို့မှုမှရရှိသော ပါကစ္စတန် ဝေစုသည် ယမန်နှစ်က ၃၈ ရာခိုင်နှုန်းမှ ၄၀.၆ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။ ၎င်းသည် ကင်ညာနိုင်ငံ၏ အကျိုးစီးပွားအတွက် တစ်ခုတည်းသောဈေးကွက်အပေါ်  မှီခိုအားထားမှုကို ညွှန်းပြနေခြင်းဖြစ်သည်။ ထိုကဲ့သို့ မှီခိုအားထားမှုကို လျော့ချရန်အတွက် ကင်ညာသည် အီရန်၊ ကာဇက်စတန်နှင့်ရုရှားနိုင်တို့ကဲ့သို့သော နိုင်ငံများသို့ ၎င်း၏ဈေးကွက်ကို ချဲ့ထွင်ခဲ့သည်။

    ပါကစ္စတန်၏ ရှယ်ယာများတိုးတက်လာသော်လည်း အခြားသောအဓိကဈေးကွက်များသို့ ရောင်းချမှုမှာသိသိသာသာကျဆင်းသွားခဲ့သည်။ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် ဒေါ်လာ ၃၅.၆၂သန်း(sh ဘီလီယံ)ရောင်းချမှု ၃၄.၆ရာခိုင်နှန်းကျဆင်းသွားခဲ့သည်။ အလားတူ အာဖကန်နစ်စ္စတန်နှင့်အီရန်နိုင်ငံတို့သို့ ရောင်းချမှုသည် ၇၆.၈ရာနှုန်းနှင့်၃၀ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ၁၄.၁၄သန်း(sh ၁.၈ဘီလီယံ)နှင့် ဒေါ်လာ၂၃.၃၅သန်း(sh ၃ဘီလီံယံ) အသီးသီး ကျဆင်းခဲ့သည်။ ကျဆင်းမှုအဖြစ်မှတ်တမ်းတင်ထားသောအခြားသောအဓိကဈေးကွက်များမှာ အီဂျစ်(၂.၁ရာခိုင်နှုန်းမှ ဒေါ်လာ၉၃.၃၄သန်း(သို့)sh ၁၂ဘီလီယံ)၊ ဆူဒန်(၆၈.၆ရာခိုင်နှုန်းမှ ဒေါ်လာ ၃.၇သန်း (သို့) sh၄၇၇သန်း)နှင့် အိုင်ယာလန် (၁၄.၇ ရာခိုင်နှုန်းမှ ဒေါ်လာ ၁၀.၁၅ သန်း(သို့)  sh၁.၃ဘီလီယံ)စသည်ဖြင့် အသီးသီးကျဆင်းခဲ့သည်။

     လက်ဖက်ခြောက်သည် ကင်ညာနိုင်ငံအတွက် အဓိကဝင်ငွေရရှိသော သီးနှံအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ တစ်ကမ္ယာလုံးတွင်ကင်ညာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ယာ့တတိယ အကြီးဆုံးလက်ဖက်ခြောက်ထုတ်လုပ်သူအဖြစ် ရပ်တည်လျက်ရှိသည်။ ပါကိစ္စတန် အပါအဝင် ဈေးကွက်အသစ်များမှ ဝယ်လိုအားသည် အခြားဒေသများတွင် စိန်ခေါ်မှုများရှိနေသော်လည်း ကမ္ဘာ့လက်ဖက်ခြောက်ဈေးကွက်တွင် ကင်ညာ၏ရပ်တည်ချက်ကို ဆက်လက်အားကောင်းစေခဲ့သည်။

Source: eastleighvoice

DOCA(ရန်ကုန်)