Main menu

ဗီယက်နမ်သစ်သီးဝလံတင်ပို့မှုသည် အာရှတိုးတက်မှုအတွက် အလားအလာရှိနေ

Powered by Drupal

   ဗီယက်နမ် သစ်သီးဝလံများသည် အရှေ့မြောက်အာရှဈေးကွက်သို့ ပိုမိုဝင်ရောက်လာကာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုး ၇ဘီလီယံရရှိရန်ဟူသော ၂၀၂၄ရည်မှန်းချက်အတွက် သိသိသာသာအထောက်အကူဖြစ်ခဲ့ပါသည်။

      ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dong Phuc Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်အထိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး ၎င်းတင်ပို့မှု စုစုပေါင်းမှ ၄၀ရာခိုင်နှုန်းမှာ ဒူးရင်းသီးတစ်မျိုးတည်းသာဖြစ်ကြောင်း သိရပါသည်။

    ဤအောင်မြင်မှုသည် သစ်သီးများအားတင်ပို့နိုင်ရန် ဈေးကွက်ဖွင့်ပေးပြီး ဗီယက်နမ်လယ်ယာထွက်ကုန်များအတွက် အခွန်လျော့ချပေးသည့် လွပ်လတ်သောကုန်သွယ်မှု သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းကြောင့် ဖြစ်သည်ဟုယူဆထားကြသည်။

    ထင်ရှားသည်မှာ တရုတ်အပြင် တောင်ကိုးရီးယားနှင့် ဂျပန်ရှိ ဈေးကွက်များသည် ဗီယက်နမ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၈၀ရာခိုင်နှုန်းအထိတိုး တက်မှုကို မြင်တွေ့ခဲ့ရသည်။

    တစ်ချိန်တည်းတွင် ဂျပန်နှင့်တောင်ကိုးရီးယားတို့သည်ဝင်ငွေမြင့်မားပြီး အရည်အသွေးကောင်းမွန်သော စိုက်ပျိုးရေးထွက်ကုန်များအတွက် ဝယ်လိုအားမြင့်မားသော Regional Comprebensive Economic Partnership(RCEP) အဖွဲ့ဝင်များဖြစ်သည်။

  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ (RCEP) အောက်တွင် တရုတ်နိုင်ငံမှ နဂါးမောက်သီး ၊ နှင်သီး၊ သရက်သီးနှင့် ဒူးရင်းသီးအပါအဝင် ဗီယက်နမ် လယ်ယာထွက်ကုန် ၁၂ မျိုးကိုတင်သွင်းခွင့်ပြုထားကြောင်း အပင်ကာကွယ်ရေးဌာနမှ Kuong Ngoc Quorg ၏ပြောကြားချက်အရသိရသည်။

    ဂျပန်သည်ဗီယက်နမ်မှနဂါးမောက်သီး၊  သရက်သီး၊လိုင်ချီးသီးတို့အား ၎င်း၏ဈေးကွက်အတွင်းသို့ တင်သွင်းခွင့်ပြုထားပြီး တောင်ကိုးရီးယားသည် မကြာသေးမှီက ဗီယက်နမ်မှ လတ်ဆတ်သော ကျွဲကော်သီးများအားဈေးကွက်သို့ တင်သွင်းခွင့်ပြုခဲ့သည်။

    ထုတ်ကုန်တစ်ခုအတွက် ဈေးကွက်အတွင်းသို့ဝင်ရောက်ခွင့်ရရှိခြင်းသည် ပို့ကုန် လည်ပတ်မှုတိုးမြင့်ရန်နှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ အနေအထားကို အားကောင်း လာစေရန် အတွက်အခွင့်အလမ်းများဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဈေးကွက်ဖွင့်လှစ် ရန်အတွက်  စေ့စပ်ညှိနှိုင်းမှုများသည် ရှုပ်ထွေးပြီး အချိန်ကုန်ခါ အချို့သောဆွေးနွေးပွဲများ သည်သုံးနှစ်မှ ငါးနှစ် ထိကြာမြင့်ကြောင်း၊ ထိုသို့ဈေးကွက်တစ်ခုအတွင်းသို့ဝင်ရောက်ပြီးသည်နှင့် အနှောက်အယှက်များ ကိုရှောင်ရှားရန် တင်သွင်းသည့်နိုင်ငံ၏ စံချန်စံညွှန်းများကို လိုက်နာရန်အရေးကြီးကြောင်း၊  ထုတ်လုပ်မှုတစ်ခု သို့မဟုတ် ပို့ဆောင်မှုတစ်ခုမှချိုးဖောက်မှု တစ်ခုသည် စက်မှုလုပ်ငန်း တစ်ခုလုံးကိုထိခိုက်စေနိုင်ပြီး ပို့ကုန်များကို သတိပေးချက် ထုတ်ပြန်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့အထိ ဖြစ်စေနိုင်ကြောင်း Quong ကအလေးအနက် ပြောကြားခဲ့သည်။

     Southern Furit Researth Institute မှလက်ထောက်ညွှန်ကြားရေးမှူး  Nguyen Tharb  Hieu ကလည်း ဗီယက်နမ်သစ်သီးဝလံများသည် အရည်အသွေးမြင့်မားပြီး ဈေးကွက်အမျိုးမျိုးတွင် ရေပန်းစားလာကြောင်း ပြောကြားခဲ့သည်။

 Source : thestar

DOCA(ရန်ကုန်)