Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပြည့်ဖြိုးကြွယ်ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်သို့သွားရောက်၍ ဆန်စပါးဝယ်ယူကြိတ်ခွဲမှု၊ ရောင်းချမှုဈေးကွက်အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးအောင်ဇော်ဦးဦးစီးအရာရှိက ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်စက်လည်ပတ်မှုအခြေအနေများ၊ ဆန်/စပါးဝယ်ယူကြိတ်ခွဲမှုအခြေအနေများ၊ ဆန်စက်မှထွက်ရှိသော ဆန်အရည်အသွေးနှင့် ဆန်ဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ပေးထားသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် မြို့နယ်တွင်းဆန်လက်ကားဖြန့်ဖြူးရောင်းချသူများအားရောင်းချရန်ကိုလည်းကောင်း၊ စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခြင်း၊ ဒေသတွင်းစားသုံးသူပြည်သူများ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဆန်ပြတ်လပ်မှုမရှိစေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ပြည်သူတို့ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)