Main menu

သုံးခွမြို့နယ် "ကြောက်စရာဆီတွေ" ခေါင်းစဉ်နှင့် ဖော်ပြရေးသားထားသော စားသုံးဆီများဖြန့်ဖြူးရာင်းချခြင်းရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ကုန်မျိုးစုံဆိုင်နှင့် ကုန်ခြောက်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ "ကြောက်စရာဆီတွေ" ခေါင်းစဉ်နှင့်ရေးသားထားသော ဝက်ဆီဆတ်ကြော်ရာမှ ထွက်လာသည့်ဝက်ဆီများ သုံးခွမြို့နယ်တွင် ထုတ်လုပ်နေခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းများရှိ/မရှိတို့အား ဩဂုတ်လ ၁၇ရက်၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ဈေးဆိုင်များသို့ စားအုန်းဆီများ၌ "ကြောက်စရာဆီတွေ" ခေါင်းစဉ်နှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသည့် ဝက်ဆီဖတ်ကြော်၍ ထွက်ရှိလာသောဝက်ဆီများအား ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိနှင့် သုံးခွမြို့နယ်အတွင်း ထုတ်လုပ်နေခြင်းရှိ/မရှိအား ဈေးကွက်အတွင်း မြေပြင်သတင်းရယူနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သုံးခွမြို့နယ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ဘူးဆီများနှင့် သက်မှတ်ခွဲတမ်းရရှိထားသည့် စားအုန်းဆီများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဝက်ဆီဖတ်ကြော်၍ ထွက်ရှိလာသောဝက်ဆီများကို ဝယ်ယူ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် ဈေးဆိုင်များတွင် အသိပညာပေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)