Main menu

ကြောက်စရာဆီများ ဈေးကွက်အတွင်း ရောင်းချခြင်းများရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ပူးပေါင်း၍ ၁၇-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်ခန့်တွင် ညွှန်ကြားချက်အရ ကြောက်စရာဆီများ မိမိဒေသအတွင်း ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ကြောက်စရာဆီများတွင် ဝက်ဆီဖတ်ကြော်ရာမှ ထွက်သောဝက်ဆီများ၊ ကြော်ပြီးသားဆီများ၊ အာလူးကြော်ဆီ၊ ကြက်ကြော်ဆီ စသည့် အမျိုးမျိုးသောဆီများထုတ်လုပ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မဈေးတွင် စားအုန်းဆီရောင်းချသော ဆိုင်များဖြစ်သည့် ဒေါ်ရီရီသန့်ကုန်စုံဆိုင်၊ ဒေါ်ကျင်သန်းကုန်စုံဆိုင်၊ ဒေါ်မာမာစိုးကုန်စုံဆိုင်၊ ဒေါ်မျိုးသူဇာထွန်းကုန်စုံဆိုင်၊ ဦးတင်ဦးကုန်စုံဆိုင်နှင့် ဦးမြင့်မင်းသူကုန်စုံဆိုင်များသို့ သွားရောက်စစ်ဆေးရာ အဆိုပါ ကြောက်စရာကောင်းသောဆီများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး သက်ဆိုင်ရာထောက်ခံချက်ပါရှိသော စားသုံးဆီများကိုသာရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)