Main menu

ခရမ်းမြို့နယ်၌ စီးပွားရေးလုပ်ငန်းရှင်များအား Online စနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံရုံးခန်းမအပေါ်ထပ်တွင် ဩဂုတ်လ ၁၃ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များအား Online စနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

    အဆိုပါသိပညာပေးဆွေးနွေးပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား စားသုံးသူပြည်သူများအပေါ် တိုက်ရိုက်ဖြန့်ဖြူးမှုများရှိကြပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကို Online စနစ်ဖြင့်ဝန်ဆောင်မှုပေး၍ ဆောင်ရွက်ခြင်းများရှိလာပါက Online မှတ်ပုံတင်မဖြစ်မနေ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေမှ စားသုံးသူ၏အခွင့်အရေး (၈)ချက်တွင်ပါဝင်သည့် ကုန်စည်/ ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့် စသည့် စားသုံးသူအခွင့်အရေးများအဆုံးရှုံးစေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့်ထုတ်ပြန်ထားသော Online Sales မှတ်ပုံတင်လျှောက်ထားလျှင် ကြိုတင်ပြင်ဆင်သင့်သည့် အထောက်အထားများအားစုဆောင်း၍ မှတ်ပုံတင်တရားဝင်လျှောက်ထားဆောင်ရွက်သွားကြရန်နှင့် ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Online မှဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများရှိခဲ့ပါက မိမိတို့အနေဖြင့် မဝယ်ယူမီ Online ရောင်းချမှုနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များနှင့် အမှန်တကယ်ဆုံးရှုံးနစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)