စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ဈေးကွက်/ ဈေးနှုန်းအတိုင်း Super Market၊ Mini Mart များအပါအဝင် ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန်ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူူးရုံးမှ တာဝန်ကျဝန်ထမ်းများအား ၁-၈-၂၀၂၄ ရက်နေ့တွင် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တာမွေမြို့နယ်ရှိ Super One နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ Junction (ဇဝန) တို့ရှိ ဆန်ဈေးနှုန်း၊ 1Kg ဈေးနှုန်း၊ ဆန်လက်ကျန်၊ ဆန်အမျိုးအစားတို့ကို စိစစ်ကြပ်မတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)