Main menu

တောင်ငူခရိုင်ဦးစီးမှူး ကုန်မျိုးစုံ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဩဂုတ်လ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့ပေါ်ရှိ ကုန်မျိုးစုံ လက်လီ/လက်ကားရောင်းချသူများနှင့်တွေ့ဆုံပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

       ရှေးဦးစွာ ခရိုင်ဦးစီးမှူးသည် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်အမှတ် (၂/၂၀၂၄)ဖြင့် ထုတ်ပြန်သည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်တွင် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် လိုက်နာရမည့်အချက်များ၊ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှသာ လုပ်ကိုင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)