စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မအူရွာ၊ ဆင်စုနယ်မြေရှိ ဒေါ်စန်းစန်းထွေး၏ "တပြည်သူ" ရှားစောင်းလက်ပက်ယိုလုပ်ငန်းနှင့် ဦးစန်းယု၏ ကောင်းသန့်ယိုမျိုးစုံလုပ်ငန်းသို့လည်းကောင်း၊ ခေတ္တရာမြို့သစ်၊ အမှတ်(၅)ကျောင်းလမ်းရှိ ဒေါ်ရီရီ၏ မြန်အောင်ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့တွင် ရန်ကုန်-ပြည်လမ်းရှိ ဦးစံမင်း၏ ရွှေပြည်အေးဆန်စက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်းရှိ ဒေါ်ဥမ္မာကျော်၏ ဥမ္မာကျော်ထမင်းသုပ်၊ ရွှေတောင်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ ဆင်တဲမြောက်ပိုင်းရှိ ဒေါ်ယဉ်ယဉ်မြိုင်၏ ဆန်ပွဲရုံလုပ်ငန်းသို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးဖြိုးကုန်စုံဆိုင်လုပ်ငန်းသို့လည်းကောင်း၊ ငါးခူအိုင်အုပ်စု၊ သာယာကုန်းရွာရှိ ဒေါ်စိုးယုနွယ်၏ ချောချောဆပ်ပြာအမျိုးမျိုးလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)