Main menu

စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန် ကမ္ဘောဒီးယားဝန်ကြီး တိုက်တွန်း

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Dith Tinam ပြည်တွင်းဖူလုံမှုနှင့် တင်ပို့ရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များ ပြုပြင်ထုတ်လုပ်မှု အရည်အသွေးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးသည် ၁၄.၈.၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလသမ္မဂ္ဂအစားအသောက်နှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ ကမ္ဘော ဒီးယားနိုင်ငံ စိုက်ပျိုးရေးအစားအစာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ဆန်၊ သီဟိုဠ်စေ့၊ ရာဘာနှင့် ရေထွက်ကုန်အစရှိသည့် ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးထွက်ကုန်များသည် အလားအလာရှိကြောင်း သို့သော် ပြည်တွင်းဖူလုံမှုနှင့် တင်ပို့ရန်အတွက် အရည်အသွေးနှင့် ထပ်ပေါင်းတန်ဖိုးတို့ ရရှိရန်ပြုပြင် ထုတ်လုပ်သည့်အဆင့်တွင် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေးအစားအစာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၏ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရေးပရိုဂရမ်များကို အထောက်အကူပြုမည့် ကြိုးပမ်းမှုများကို အသိအမှတ်ပြုခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားလယ်သမားများအတွက် အကျိုးရှိစေမည့် ဝယ်လိုအားနှင့် ရောင်းလိုအား နှစ်ဖက်စလုံးမှ သက်ဆိုင်သူများ စိတ်ဝင်စားချိတ်ဆက်မိစေမည့် ပရိုဂရမ်များအပေါင်း အကောင်းမြင်သုံးသပ်ခဲ့ကြောင်း သိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)