Main menu

မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်ရေးအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားကြိုးပမ်းမည်

Powered by Drupal

     အင်ဒိုနီးရှား အစိုးရသည် အမေရိကန်နှင့် ရုရှားတို့ပါဝင်သော ၎င်းတို့၏ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Retno Marsudi ၏ အဆိုအရ သိရပါသည်။ Marsudi က အဆိုပါ မှတ်ချက်ကို သမ္မတဂျိုကိုဝီက ဘရူနိုင်း၊ ပါပူနယူးဂီနီယာ၊ တူနီးရှား၊ ရုရှား၊ အမေရိကန်၊ ကျူးဘား၊ ဘူဂေးရီးယား၊ ဆလိုဗေးနီးယား၊ လစ်သူရေးနီးယားနှင့် မြောက်မက်ဆီဒိုးနီးယားတို့မှ သံအမတ်ကြီးများထံမှ စာများလက်ခံရရှိပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ Marsudi သည် လက်ရှိ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ၏ ဦးစားပေးကိစ္စများကို အသေးစိတ်သိရရန် သံအမတ်များနှင့် တွေ့ဆုံသွားမည်ဟု သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် လက်တလောတွင် အမေရိကန်နှင့် နီကယ်သတ္တုသဘောတူညီချက်နှင့် Generalized System of Preferences (GSP) အတွက် ဆွေးနွေးမှုများကို တွန်းအားပေးလုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် တူနီးရှားနိုင်ငံနှင့်လည်း ဦးစားပေးကုန်သွယ်ရေးသဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး အောင်မြင်ပါက အင်ဒိုနီးရှား၏ တင်ပို့မှု ၃၂.၈၂% မြင့်တက်လာမည်ဟု သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် ၎င်းတို့နှင့် ရုရှားနှင့် ယူရေးရှန်းစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုအရှိန်မြှင့်တင်နိုင်ရန် မျှော်လင့်ရသည့် အင်ဒိုနီးရှား-ယူရေးရှန်းစီးပွားရေးသမဂ္ဂလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ပြီးပြတ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥရောပသမဂ္ဂနှင့်လည်း အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ကျယ်ပြန့်သော စီးပွားရေးမိတ်ဖက်သဘောတူညီချက် ပြည့်စုံအောင်မြင်ရန်တွန်းအားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

Source : Antora News

DOCA(ရန်ကုန်)