ပြည်သူများ နေ့စဉ် စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၂၀-၈-၂၀၂၄)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်းများသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခြင်းရှိ/မရှိနှင့် ဆေးများပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်မှုဆောင်ရွက်လျက်ရှိရာ ဆေးနှုန်းများ သင့်တင့်မျှတပြီး ဆေးများလည်းပြတ်လပ်မှုမရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)