
မိုးညိုမြို့နယ်တွင် မိုးကြိုနှမ်းများထွက်ရှိနေပြီး ကုန်သည်ကြီးများအနေဖြင့် ထွက်ရှိနေသောနှမ်းများကို တောင်သူရှိရာကွင်းထဲသို့ အရောက်သွားရောက်ဝယ်ယူခြင်း၊ မိမိတို့ပွဲရုံ၌ပင် အထိုင်ဝယ်ယူခြင်းများပြုလုပ်လျက်ရှိပါသည်။
လက်ရှိနှမ်းတစ်တင်းလျှင် ပွဲရုံအရောက် ၁၆၂၀၀၀ကျပ်ဖြင့် ဝယ်ယူပေးလျက်ရှိပြီး ယခင်နှစ်၏ ယခုကဲ့သို့သော အချိန်ကာလတွင် နှမ်းတစ်တင်းလျှင် ၉၀၀၀၀ကျပ်ဈေးဖြင့်ဝယ်ယူခဲ့ရပြီး ယခုနှစ်တွင် ယခင်နှစ်ပေါက်ဈေးထက် ဈေးပိုမိုရရှိပြီး ယခုနှစ်တွင် မိုးညိုမြို့နယ်၌ ထူးခြားမြစ်ရေကြီးမြင့်မှုကြောင့် နှမ်းစိုက်ခင်းများ ရေနှစ်မြုပ်ကာ နှမ်းအထွက်နှုန်းမှာ ယခင်နှစ်ထက် ၅ပုံ ၁ပုံခန့်သာထွက်ခြင်းကြောင့် မြို့ပေါ်ရှိ နှမ်းအဝယ်ဒိုင် ၆ဒိုင်မှ တစ်နေ့လျှင် နှမ်းတင်း ၃၀၀ကျော်သာရရှိကြောင်းသိရပါသည်။
မြို့ပေါ်ရှိ နှမ်းအဝယ်ဒိုင်များအနေဖြင့် မိမိတို့ဝယ်ယူရရှိသောနှမ်းများကို ပြည်၊ အောင်လံ၊ မကွေးမြို့ကြီးများသို့ ပြန်လည်တင်ပို့ရောင်းချပေးနေပါသည်။ ယခင်နှစ်တွင် နှမ်းအဝယ်ဒိုင်များ အနေဖြင့်တစ်ဦးလျှင် နှမ်းတင်း ၅၀၀၀ခန့်စီဝယ်ယူရရှိသော်လည်း ယခင်နှစ်တွင် မြစ်ရေကြီးခြင်းကြောင့် နှမ်းခင်းများပျက်စီးကာ တစ်ဦးလျှင် နှမ်းတင်း ၁၀၀၀ခန့်စီသာ ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း ပွဲရုံများထံမှသိရှိရပါသည်။
DOCA(ပဲခူး)