Main menu

မြန်မာ့ရိုးရာအစားအစာဘိန်းမုန့်

Powered by Drupal

     မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။ မနက်ခင်းတစ်ကြိမ်၊ ညနေခင်းတစ်ခါ အဆာပြေစားလေ့ရှိရာ မြန်မာရိုးရာဘိန်းမုန့်ကိုလည်း ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့နှင့် တွဲဖက်စားသုံးကြပါသည်။

          ဘိန်းမုန့်အနီပြုလုပ်ရန် ဆန်(၃)ပြည်၊ ကြက်ဥ (၂၀) လုံး၊ ဆီ(၈၀)ကျပ်သား၊ ထောပတ် (၁၀) ကျပ်သား၊ ထန်းလျက် (၈၀) ကျပ်သား၊ သကြား(၅၀) ကျပ်သား၊ ဘိန်းစေ့ (၁၀)ကျပ်သား၊ အုန်းသီး (၁)လုံး၊ ဆော်ဒါအနည်းငယ်ထည့်ပြီး မီးဖြင့်ဖုတ်ရပါသည်။ ၎င်းအချိုးအတိုင်း ဘိန်းမုန့်အချပ်ပေါင်း (၂၅၀) ရရှိပါသည်။ တစ်ချပ်လျှင် (၃၅၀) ကျပ်ဖြင့်ရောင်းချရပါသည်။ ကုန်ကျငွေစုစုပေါင်း (၄၅၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ စုစုပေါင်းရောင်းရငွေ (၈၅၀၀၀)ကျပ်ရရှိသဖြင့် အမြတ်ငွေ (၄၀၀၀၀) ကျပ်ရရှိပါသည်။

        ဘိန်းမုန့်အဖြူပြုလုပ်ရန် ဆန်(၇)လုံး၊ ကြက်ဥ(၅)လုံး၊ ပဲပြုတ်(၂၀)ကျပ်သား၊ ဆီ(၂၀)ကျပ်သား၊ နံနံပင်(၁၀)ကျပ်သား၊ နှမ်း(၁)ဘူး၊ ဆော်ဒါအနည်းငယ်ထည့်ပြီး မီးဖြင့်ဖုတ်ရပါသည်။ ၎င်းအချိုးအတိုင်း ဘိန်းမုန့်အဖြူပြုလုပ်ပါက ဘိန်းမုန့်အချပ်ပေါင်း (၈၀) ရရှိပါသည်။ တစ်ချပ်လျှင် (၃၅၀) ကျပ်ဖြင့်ရောင်းချပါသည်။ ကုန်ကျငွေစုစုပေါင်း (၂၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ စုစုပေါင်းရောင်းရငွေ (၃၄၀၀၀) ကျပ်ရရှိသဖြင့် အမြတ်ငွေ (၁၄၀၀၀)ကျပ်ရရှိကြောင်းကို ဘိန်းမုန့်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)