
စားသုံးသူရေးရာဦးစီဌာနသည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများနှစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးတို့အတွက် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးဌာန၏ ဦးဆောင်မှုဖြင့် (၂၀-၈-၂၀၂၄)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှု အ ပေါ် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာမှုရှိ/မရှိစစ်ဆေးခဲ့ကြရာ ဓာတ်မြေဩဇာဈေးနှုန်းများအား သတ်မှတ်ချက်အတိုင်း ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။
DOCA(ပဲခူး)