
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၉-၈-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ကွင်းဆင်းစိစစ်မှုများပြုလုပ်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ပေါင်းတည်မြိုနယ်အတွင်းရှိ ရတနာဆီဆိုင်၊ ပဒေသာဆီဆိုင်၊ မြကန်သာဆီဆိုင်၊ အဏ္ဏဝါထွန်းဆီဆိုင်၊ စိန်ရတနာဆီဆိုင်တို့ကိုကွင်းဆင်းစိစစ်ခဲ့ပြီး ဆီပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချပေးရေးနှင့် အချင်အတွယ်မှန်ကန်စေရေးတို့ကိုစစ်ဆေးခဲ့ရာ ဆီပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချပေးနေကြောင်းတွေ့ရှိရပါသည်။
ပဲခူး)