
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသောဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့နယ်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် (၁၉-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းမဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၆၀၀)ကျပ်၊ ငွေတိုးဆန်တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၈၀၀)ကျပ်၊ တောင်ပျံတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၆၅၀၀)ကျပ်၊ အင်းလယ်ဆန်တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၄၀၀)ကျပ်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။
ပဲခူး)