Main menu

ထိုင်းနိုင်ငံတွင် ဘတ်ထရီလျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်မည့် ဟွန်ဒိုင်းကုမ္ပဏီ

Powered by Drupal

     ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ထံမှ  ၁ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်း ခွင့်ပြုချက်ရပြီးနောက် တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်းကုမ္ပဏီသည် ၂၀၂၆ ခုနှစ်မှစ၍ ဘတ်ထရီလျှပ်စစ်မော်တော်ယာဉ်များနှင့် ဘတ်ထရီများကို ထိုင်းနိုင်ငံ၌ တိုက်လုပ်သွားရန် စီစဉ်နေကြောင်း သိရပါသည်။ EV 3.5 ဟုသိကြသည့် လျှပ်စစ်မော်တော်ယာဉ်သုံးစွဲရန် ဆွဲဆောင်မှု ကမ်းလှမ်းချက်အောက်ရှိ စီမံကိန်းအတွက် ဘုတ်အဖွဲ့ထံမှ ခွင့်ပြုချက်ရရှိပြီး နောက်အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် ထုတ်လုပ်သူများကို ဆွဲဆောင်မှု မက်လုံးများ စီစဉ်ပေးသည့်အပြင် သုံးစွဲသူများအတွက်လည်း လျှပ်စစ်မော်တော်ယာဉ်များ ဝယ်ယူရန် ထောက်ပံ့ငွေများ ပံ့ပိုးပေးမည်ဟု သိရပါသည်။ EV3.5 သည်  ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အကြားတွင် ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်နယ်ပယ် ကြီးထွားလာစေရန်အတွက် ထောက်ပံ့ငွေ စီစဉ်ပေးခြင်း၊ အပြည့်အစုံတပ်ဆင်ထားသော ကားများအတွက် သွင်းကုန် အခွန်လျှော့ချပေးခြင်း နှင့် အခွန်ဖြတ်တောက်ခြင်းတို့ ပြုလုပ်ပေးမည့်စီမံကိန်းဖြစ်ကြောင်း သိရပါသည်။ EVs တွင် ပူးပေါင်းပါဝင်မည့် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူများသည် ၂၀၂၆ ခုနှစ်မှစ၍ လျှပ်စစ် မော်တော်ယာဉ်များကို ထိုင်းနိုင်ငံ၌ထုတ်လုပ်ရန် လိုအပ်ကြောင်း သိရပါသည်။ BOI ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Narit Therd Steerasukdi က ထိုင်းနိုင်ငံ၏ လျှပ်စစ် မော်တော်ယာဉ်ကဏ္ဍသို့ ဟွန်ဒိုင်းဝင်ရောက်လာမှုသည် အလွန်အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုဖြစ်ကြောင်း ထုတ်လုပ်ရာအခြေစိုက်နေရာနှင့် အရေးပါသည့် ဈေးကွက် အဖြစ် ထိုင်းနိုင်ငံ၏ ဆွဲဆောင်နိုင်မှုကို သက်သေပြုလျှက်ရှိကြောင်း ပြေားကြားခဲ့ပါသည်။ ဟွန်ဒိုင်း၏ စက်ရုံသည် ဘန်ကောက်အနီးရှိ Samut Praken တွင် တည်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဟွန်ဒိုင်း၏ ကားတပ်ဆင်မည့်စက်ရုံတွင် ထိုင်းနိုင်ငံမှ Thonburi ကားတပ်ဆင်သည့် စက်ရုံက ပူးပေါင်းပါဝင်မည်ဟု သိရပါသည်။ နိုင်ငံ၏ 30@30 မူဝါဒအောက်တွင် ထိုင်းနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်း မော်တော်ယာဉ်ထုတ်လုပ်မှု ၃၀%ကို လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်ရန် မျှော်လင့်လျက်ရှိပါသည်။ ထို့ကြောင့် တရုတ်၊ ဂျပန်နှင့် ဥရောပတို့မှ ထုတ်လုပ်သူ ၁၈ ခုထဲမှ အချို့သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်များ စတင်ထုတ်လုပ်နေပြီဖြစ်ပြီး အချို့မှာ လာမည့်(၂)နှစ်အတွင်း ထုတ်လုပ်မှုစတင်မည်ဟု ကြေညာထားကြောင်း သိရပါသည်။ BOI သည်လည်း လျှပ်စစ်မော်တော်ယာဉ်ထောက်ပံ့မှု ကွင်းဆက်အတွက် ဘတ် ၈၀ ဘီလီယံ တန်ဖိုး ပမာဏရှိသည့် စီမံကိန်းများကို ခွင့်ပြုပြီးဖြစ်ကြောင်း သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)