Main menu

ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီး ကုန်သွယ်ရေးကိစ္စရပ်များဆွေးနွေးရန် ကာဇတ်စတန်သို့ သွားရောက်

Powered by Drupal

      ထိုင်းနိုင်ငံယာယီစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai သည် ထိုင်းထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းသစ်များရှာဖွေရန် ဩဂုတ်လ ၁၃ ရက်နေ့က ကာဇတ်စတန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ Mr. Phumtham သည် ကာဇတ်စတန် နိုင်ငံဝန်ကြီးချုပ် Olzhas Bektenoy နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်  အာရုံစိုက်ထားကြောင်း သိရပါသည်။ ဝန်ကြီးသည် ကာဇတ်စတန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mirgali Kunayev နှင့် ထိုင်းသံအမတ်ကြီး Chatchawan Sakrnsin တို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ့မှုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ Mr. Phumtham က ကာဇတ်စတန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး ထိုင်းတင်ပို့သူများ အခြားဗဟိုအာရှနှင့် Eurasian Economic Union (EAEU) ရှိ နိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် ဂိတ်တံခါးတစ်ခုအနေဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဩဂုတ်လ ၁၄ ရက်တွင် ကာဇတ်စတန်ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Arman Shakkaliyev နှင့် Mr. Phumtham တို့ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ သဘောတူစာချုပ်သည် အပြန်အလှန် စီးပွားရေး ဆက်နွယ်မှုကို ရေရှည်အခြေခံအားဖြင့် တိုးတက်စေရန် ရည်ရွယ်ကြောင်း သိရပါသည်။ ကာဇတ်စတန်သည် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံသူများကို ၎င်း၏ အထူးစီးပွားရေးဇုန်များတွင် အခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်များ ကမ်းလှမ်းကာ ဆွဲဆောင်နိုင်သည်ဟု Mr. Phumtham သည် အပြန်အလှန် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် တိုးတက်ရန်၊ ကာဇတ်စတန်တွင် ပြည်ပကုန်သွယ်မှု မြှင့်တင်ရန် ထိုင်းနိုင်ငံကိုယ်လှယ်ရုံးဖွင့်လှစ်ရန် ကမ်းလှမ်းထားကြောင်း သိရပါသည်။ ထို့ပြင် ကာဇတ်စတန်စွန့်ဦးတီထွင်သူများကို ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲများတွင် ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် EAEU နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို စတင်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ကာဇတ်စတန်၏ ပံ့ပိုးမှုကိုရရှိရန် မျှော်လင့်နေကြောင်း သိရှိရပါသည်။ ခရီးသွားကဏ္ဍသည်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာရန်နှင့် အပြန်အလှန်ခင်မင်ရင်းနှီးမှုတို့အတွက် အုတ်မြစ်အဖြစ် ပေါ်ထွက်လာကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် Apirl လတွင် လက်မှတ်ရေးထိုးခဲ့သည့် ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်၏ အားကိုယူ၍ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ရန် သဘောတူညီခဲ့သည်ဟု သိရပါသည်။ ထိုင်းအဖွဲ့သည် ထိုင်းနိုင်ငံ မွေးမြူရေးထွက်ကုန် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သုံးသပ်လျက်ရှိသည့် ကာဇတ်စတန်တင်ပို့သူ ၁၀ ဦးထံမှ ကျွဲ၊ နွား ထုတ်ကုန်များ တင်သွင်းမှုကို ခွင့်ပြုရန်ကိစ္စ အမြန်ပြီးမြောက်စေရန် လုပ်ဆောင်မည်ဩု အခိုင်အမာပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၂ သန်းရှိခဲ့ပြီး ၂၆.၃ % တိုးတက်လာသည် သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)