Main menu

ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှုဖြစ်စေရန် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံဆွေးနွေး

Powered by Drupal

      ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများ တရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိ အသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Li Fei နှင့် ပူးတွဲဥက္ကဌအနေနှင့် ကျင်းပမည့် တတိယအကြိမ်မြောက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆပ်ကော်မတီအစည်းအဝေးကို တက်ရောက်ရန် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးသည် စိုက်ပျိုးရေးထုတ်လုပ်ရန်များတွင် အပြန်အလှန်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်နိုင်ငံတွင် ထိုင်းကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဘက်ကမူ ထိုင်းမွေးမြူရေးထုတ်ကုန်များနှင့် သစ်သီး များ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တရုတ်အဏာပိုင်များကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Mr. Suchartm တရုတ်ရင်းနှီးမြှုပ်နှံသူများအား EV၊ သန့်စင် သော စွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ AI၊ အာကာသသိပ္ပံနှင့် နည်းပညာတို့ပါဝင်သည့် ပေါ်ထွက်လာသောစက်မှု နယ်ပယ်တို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်် ၁၁ နှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံရှိခဲ့ပြီး ယခုနှစ် ပထမ ၅လတာ ကာလတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၅.၇ ဘီလီယံရှိကာ လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၄.၂၄ % တိုးတက်လာကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ တရုတ်သို့ အဓိကပို့ကုန်များတွင် လတ်ဆက်သော သစ်သီးများ၊ ပလတ်စတစ်ကော်စေ့များ၊ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များနှင့် ပီလောပီနံထုတ်ကုန်များ ပါဝင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထံမှ အဓိက ပြန်လည်တင်သွင်းသည့် ကုန်ပစ္စည်းများတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းများ၊ စတီးလ်နှင့် စတီးလ်ထုတ်ကုန်မားနှင့် ကားပစ္စည်း အစိတ်အပိုင်းများ ပါဝင်ကြောင်း သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)