Main menu

နိုင်ငံ၏ လုပ်သားအင်အားကို အဆင့်မြှင့်တင်ရန်အတွက် ထိုင်းဝန်ကြီးဌာနက ဘတ် ၅ ဘီလီယံ သုံးစွဲရန်ခွဲတမ်းချပေး

Powered by Drupal

      ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန (MEHS) သည် ဗျူဟာမြောက်ကဏ္ဍ ၃ ခုဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လျှပ်စစ်မော်တော် ယာဉ်များ(EVs)နှင့် ဉာဏ်ရည်တုနည်းပညာ(AI)တို့တွင် တာဝန်ထမ်းဆောင်ရန် ၅ နှစ်အတွင်း ကျွမ်းကျင်မှုမြင့်မားသော အလုပ်သမား ၁၇၅၀၀ ကို ရရှိလာစေရန်အတွက် ဘတ်ဂျက် ဘတ် ၅ ဘီလီယံ သုံးစွဲရန် ခွဲတမ်းချပေးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် အဆိုပါ လုပ်ငန်း နယ်ပယ်များတွင် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၀၀ ဘီလီယံခန့်ကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။ ထိုင်းနိုင်ငံ၏ လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုအတွက်ပရိုဂရမ် စီမံခန့်ခွဲမှုဌာန(PMU-B)က လတ်တလောကျင်းပသည့် “Ignite Thailand’s Brain Power” ဆိုသည့် အခမ်းအနားတွင် MEHS ၏ ယာယီဝန်ကြီးဖြစ်သူ Supamas Isarabhakdi က ဝန်ကြီးဌာနသည် EVIAI နှင့်တစ်ပိုင်းလျှပ်ကူး ပစ္စည်းလုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ကျွမ်းကျင်မှုမြင့်မားသော လုပ်သားအင်အားကို တည်ဆောက်ပြီး နိုင်ငံ၏ ဆန်းသစ်တီထွင်မှုကို အခြေခံသည့်စီးပွားရေးကို မောင်းနှင်မည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ Ms. Supamas က ဝန်ကြီးချုပ်နေရာ အပြောင်းအလဲသည် ကျွမ်းကျင်မှုမြင့်မားသည့် လုပ်သားအင်အားရရှိရန် လေ့ကျင့်ရန်အတွက် ဘတ်ဂျက်ကို သက်ရောက်မှုရှိမည်မဟုတ်ဟု သိရပါသည်။ PMU-B ၏ ညွှန်ကြားရေးမှူးဖြစ်သူ Sompang Klaynangsruang က ဌာန၏ ထိုင်းနိုင်ငံလုပ်သားအင်အား တိုးတက်ဖွံ့ဖြိုးစေရေး အစီအစဉ်သည် MEHS ၏ မူဝါဒနှင့်ထပ်တူကျနေကြောင်း ပြောကြားခဲ့ပါသည်။ Ms.Sompong  က PMU-B သည် ဘတ်ဂျက် ဘတ် ၅ ဘီလီယံကို ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း ကျွမ်းကျင်မှု မြင့်မားသည့် လုပ်သားအင်အား ၁၇၅၀၀ ရရှိရန် ရရှိရေးသုံးစွဲမည်ဖြစ်ပြီး ထိုအင်အားထဲမှ လုပ်သား ၉၅၀၀ ကို တစ်ပိုင်းလျှပ်ကူးလုပ်ငန်း၊ ၃၆၀၀ ကို EV လုပ်ငန်းနှင့် ၄၄၀၀ ကို AI ကဏ္ဍတို့တွင် လေ့ကျင့်သင်ကြားပေးမည်ဟု သိရပါသည်။ အဆိုပါ ကဏ္ဍများတွင် အချက်အလက်စိစစ်လေ့လာရေးကျွမ်းကျင်သူ၊ ဆော့ဖ်ဝဲနှင့်် ဆိုက်ဘာလုံခြုရေးအင်ဂျင်နီယာများ၊ ဘတ္ထရီစနစ်အင်ဂျင်နီယာများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့ရေးကျွမ်းကျင် ပညာရှင်၊ မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်များ လိုအပ်နေကြောင်း သိရပါသည်။ ဌာနသည် ကျယ်ပြန့်သော မဟာဗျူဟာကိုချပြခဲ့ပြီး ရေတိုအနေဖြင့် ကျွမ်းကျင်မှုသင်တန်း၊ မွမ်းမံသင်တန်းနှင့် လေ့ကျင့်ရေးပရိုဂရမ် အစရှိသော ကနဦးခြေလှမ်းနှင့် စတင်မည်ဟု သိရပါသည်။ အလယ်အလတ်သင်တန်းအနေဖြင့် ဘွဲ့လွန်နှင့် ပါရဂူဘွဲ့လွန်အဆင့်ရှိ သုတေသန ပညာရှင်မျိုးဆက်သစ်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး ရေရှည်အနေဖြင့် ထိုင်းနိုင်ငံသိပ္ပံအကယ်ဒမီမှ ကျွမ်းကျင်မှုမြင့်မားသည့် သုတေသနပညာရှင်များကို ပျိုးထောင်ပေးနိုင်ရန် ကျားကန်ပေးမည်ဟု သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)