Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲမျိုးစုံဈေးကောင်းရနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ကုလားပဲမျိုးစုံကို ပခုက္ကူကျွန်း၊ ကျွန်းဦး၊ ကျွန်းညို၊ ကုက္ကိုလှ၊ သင်္ဘောကုန်း၊ မြင်းကျွန်းတို့တွင် ကုလားပဲများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့တွင် ကုလားပဲစိုက်ဧကမှာ (၁၅၀၀၀)ဧကကျော်ရှိပြီး တစ်ဧကလျှင် (၁၆)တင်းထွက်ရှိကြောင်း၊ ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၂)သိန်းခန့်ရရှိကြောင်း စိုက်ပျိုးတောင်သူများထံမှသိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျသော နေရာဒေသတစ်ခုဖြစ်ပြီး နယ်ပေါင်းစုံမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ကုလားပဲဈေးနှုန်းမှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေသော ကုလားပဲအမျိုးအစားများမှာ ကုလားပဲဝါလုံးကြီး(929)၊ ကုလားပဲဝါ (HL)၊ ကုလားပဲဖြူလုံးကြီး(V2/V6)တို့ဖြစ်ပါသည်။ ဩဂုတ်လ(ပထမပတ်)တွင် ကုလားပဲဝါလုံးကြီး (929)တစ်တင်းလျှင် ကျပ်(၈၃၆၀၀)၊ ကုလားပဲဖြူ လုံးကြီး(V6) တစ်တင်းလျှင် ကျပ်(၇၆၄၀၀)၊ ကုလားပဲဖြူလုံးကြီး(V2) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)ဖြစ်ပြီး ဩဂုတ်လ(တတိယပတ်)တွင် ကုလားပဲဝါလုံးကြီး(929) တစ်တင်းလျှင် ကျပ်(၉၈၅၀၀-၉၇၀၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ ကုလားပဲဖြူလုံးကြီး(V2)တစ်တင်းလျှင် ကျပ်(၁၀၆၀၀၀)ဖြစ်ပြီး ဩဂုတ်လ ပထမပတ်နှင့် တတိယပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ်(၁၁၅၀၀)၊ ကုလားပဲဖြူလုံးကြီး (V6) တစ်တင်းလျှင် ကျပ်(၄၃၆၀၀)၊ ကုလားပဲဖြူလုံးကြီး(V2) တစ်တင်းလျှင် ကျပ်(၁၉၀၀၀)ဈေးနှုန်းမြင့်တက်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ(၅၀မှ ၃၀၀)ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

DOCA(မကွေး)