စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှု တို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာသီးသန့်အကျယ်အဝန်းအများကြီး မလို တာကြောင့် အိမ်ခြံဝန်းအတွင်း စားသုံးသီးနှံပင်အဖြစ် ဒန့်ဒလွန်ကို စိုက်ပျိုးကြသည်။ ဒန့်ဒလွန် စိုက်ပျိုးရာတွင် ကိုင်းဖြတ်စိုက်ခြင်းနဲ့ အစေ့ကိုတိုက်ရိုက်စိုက်ခြင်းဆိုပြီး(၂)မျိုးရှိကြောင်း၊ ဒန့်ဒလွန် ကိုမိုးဦးကျချိန် ဇွန်လတွင် စိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်ကြောင်း ၊ ဒန့်ဒလွန်တစ်ပင်သည် အရွယ်ရောက်လာပါက စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီး တောင့်ရေ(၂၀၀) ခန့်သီးကြောင်း သိရ သည်။
မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက်ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၄)တောင့်ပါတစ်စီးလျှင် ငွေကျပ် ၂၀၀၊ အတောင့်လှလျှင်(၃)တောင့်ပါတစ်စီးကို ငွေကျပ် ၂၀၀ ဖြင့်ရောင်းချကြောင်း၊ မိမိတို့နေအိမ်ခြံဝန်းမှ စိုက်ပျိုးထွက်ရှိသည့်အတွက် စားစရာဟင်းတစ်ခွက်အပြင် အသီး၊ အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)