![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၅၇_3.jpg?itok=zTOx53AO)
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ တောင်သူဦးကြီးများအနေဖြင့် ဓာတ်မြေဩဇာအမျိုးအစားအမျိုးမျိုးအား ဝယ်ယူအသုံးပြုရာတွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ခရမ်းမြို့နယ်၊ ရပ်ကွက်များရှိ ဓာတ်မြေဩဇာဆိုင်များသို့ ဩဂုတ် ၁၅ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအမျိုးအစားအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော အပျိုကြီးဆိုင်၊ ရွှေကံ့ကော်ဆိုင်၊ ဖြိုးဆိုင်၊ အင်ကြင်းစံဆိုင်၊ ရွှေခြင်္သေ့ဆိုင်၊ ဇော်ကမ္ဘာ ဓာတ်မြေဩဇာဆိုင်ကြီးများတွင် ရောင်းချပေးနေသော ယူရီးယား၊ ၁၅ပတ်လည် ဓာတ်မြေဩဇာအမျိုးအစားများအားဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဓာတ်မြေဩဇာအမျိုးအစားအလိုက် ရည်ညွှန်းဈေးများသတ်မှတ်ထားသည့်အတွက် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ခရမ်းမြို့နယ်အရောက် သယ်ယူစရိတ်ပေါ် အမြတ်ရာခိုင်နှုန်းတွက်ချက်၍ တောင်သူကြီးများအား ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် မိမိတို့ခရိုင်မှ ဓာတ်မြေဩဇာအမျိုးအစားအလိုက် အရောင်းဘောက်ချာ၊ လက်ခံများအား စနစ်တကျသိမ်းဆည်းထားရန်နှင့် သို့မှသာ သက်ဆိုင်ရာဌာနများမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများရှိလာပါက သက်သေအထောက်အထားပြနိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)