![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၅၈_0.png?itok=wtNEAQmS)
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည် ၂ ၂-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ ရွှေအုပ်ဂူလမ်းရှိ မြတ်သဇင်ဆေးဆိုင်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်၌ ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၁၀၀)မျိုးကျော် ရှိသည့်အနက် အစာအိမ်ဆေး၊ ဝမ်းနှုတ်ဆေး၊ ချွဲပျော်ဆေး သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ် စသည့တို့မှာ လူသုံးများသော်လည်း၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ရန်၊ ဆေးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အကယ်၍ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်တာဝန်ခံအား အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)